Skip to content

လက်လှမ်းမီသုံးစွဲနိုင်မှု

Unilever သည် လူတိုင်း လက်လှမ်းမီသုံးစွဲနိုင်မှု၊ မတူကွဲပြားမှုနှင့် ပါဝင်နိုင်မှုအပြင် အဆိုပါအရေးကြီးသောကိစ္စရပ်တစ်ခုစီအတွက် ရေရှည်တည်တံ့သော ဆောင်ရွက်မှုနည်းလမ်းများကို လုပ်ဆောင်ရန် ကတိပြုပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ဧည့်သည်များအားလုံးသည် ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုနိုင်သင့်သည်ဟု ယုံကြည်ပြီး အမြင်အာရုံကြွယ်ဝသော သုံးစွဲသူအတွေ့အကြုံတစ်ခုကို ပေးစွမ်းနိုင်ရန် ကျွန်ုပ်တို့တပြိုင်နက်တည်း ကြိုးစားနေကြပါသည်။

ကျွန်ုပ်တို့၏ ဆောင်ရွက်မှုနည်းလမ်းများ

Unilever တွင်ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာအားလုံးကို လက်လှမ်းမီသုံးစွဲနိုင်အောင်နှင့် လူတိုင်းပါဝင်နိုင်သောအကြောင်းအရာနှင့် ဒီဇိုင်းအစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြုလုပ်ဖန်တီးရန်အတွက် ကျွန်ုပ်တို့သည်ခရီးလမ်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ နည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်တွင် လူများတတ်နိုင်သမျှ နှစ်ခြိုက်အဆင်ပြေစွာ အသုံးပြုနိုင်စေရန် စတင်စဉ်ကတည်းက လက်လှမ်းမီသုံးစွဲနိုင်မှုကို ထည့်သွင်းတည်ဆောက်ထားခြင်းဖြင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြီးမားသော တိုးတက်မှုခြေလှမ်းများကို ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ နောက်ထပ်လုပ်ဆောင်နိုင်သည့်အရာများ အမြဲရှိနေကြောင်း သိရှိပါသည်။

ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကို အသုံးများသော အထောက်အကူနည်းပညာများနှင့် အွန်လိုင်းအကြောင်းအရာကို လူအများကြည့်ရှုသည့် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ရန် တည်ဆောက်ထားပါသည်။ ဥပမာအားဖြင့်-

  • စခရင်ဖတ်ရှုအသုံးပြုသူများသည် အကြောင်းအရာကို ပိုမိုလျင်မြန်စွာ နားလည်နိုင်ပြီး လမ်းကြောင်းပြနိုင်စေရန် စာမျက်နှာအမျိုးမျိုးသို့ လမ်းကြောင်းပြမှုဆိုင်ရာ နေရာအမှတ်အသားများကို ထပ်မံထည့်သွင်းထားပါသည်။
  • ကီးဘုတ်သီးသန့်နှင့် အထောက်အကူပြုနည်းပညာများကို အသုံးပြု၍ ကွန်ပျူတာဖြင့်အပြန်အလှန်တုံ့ပြန်မှုရှိသော အပိုင်းအများစုကို လမ်းကြောင်းပြ၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
  • အဝိုင်းလည်နေပုံများကဲ့သို့သော သက်ဝင်လှုပ်ရှားမှုရှိသော အစိတ်အပိုင်းများကို ကျွန်ုပ်တို့ ဖယ်ရှားခဲ့ပြီး၊ ဖွင့်ရန်/ခေတ္တရပ်ရန်ခလုတ်ကို အသုံးပြု၍ အခြားသက်ဝင်လှုပ်ရှားမှုများကို သင် ရပ်တန့်နိုင်ပါသည်။
  • အလှဆင်ထားသော ရုပ်ပုံများမှလွဲ၍ အများစုတွင် alt text. ပါရှိသည်။ Alt text သည် အမြင်အာရုံချို့ယွင်းနေသော သုံးစွဲသူများကို ရုပ်ပုံ၏ ရေးသားဖော်ပြချက်တစ်ခု ပေးအပ်သည်။
  • ကျွန်ုပ်တို့၏ ဝဘ်စာမျက်နှာအများအပြားတွင် အသံနှင့် ဗီဒီယိုအကြောင်းအရာများပါရှိပြီး၊ နေရာတိုင်းတွင် တတ်နိုင်သမျှ ခေါင်းစီးစာတန်းများနှင့် စာသားမှတ်တမ်းများအပါအဝင် စာသားအခြေခံသည့် အခြားရွေးချယ်စရာတစ်ခုကို ကျွန်ုပ်တို့ပေးအပ်ထားပါသည်။
  • အကြောင်းအရာအားလုံးကို ဒက်စ်တော့၊ တက်ဘလက်နှင့် မိုဘိုင်း စက်ပစ္စည်းများတွင် တူညီသောနည်းလမ်းဖြင့် တိုင်းတာပြီး ဘရောက်ဇာချဲ့ လုပ်ဆောင်နိုင်စွမ်းကို အသုံးပြုရန် ကျွန်ုပ်တို့၏ ဝဘ်စာမျက်နှာများကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါသည်။
  • ပြင်ပ အဖွဲ့အစည်း အကြောင်းအရာနှင့် အစိတ်အပိုင်းများကို ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သော်လည်း ၎င်းတို့ကို လက်လှမ်းမီသုံးစွဲနိုင်ပြီး အသုံးပြုရလွယ်ကူကြောင်း သေချာစေရန်အတွက် ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်သည် မည်မျှ လက်လှမ်းမီသုံးစွဲနိုင်မှုရှိသနည်း။

ဤဝဘ်ဆိုဒ်ကို ဝဘ်အကြောင်းအရာ လက်လှမ်းမီသုံးစွဲနိုင်မှု လမ်းညွှန်ချက်များ (WCAG) ဗားရှင်း 2.1 AA အဆင့်နှင့်အညီ တီထွင်ထားပြီး၊လက်လှမ်းမီသုံးစွဲနိုင်မှုနှင့် အသုံးဝင်မှု နှစ်မျိုးစလုံးကို တိုးတက်ကောင်းမွန်လာစေရန်အတွက် ဝဘ်ဆိုဒ်ကို ကျွန်ုပ်တို့ အမြဲမပြတ် ပြန်လည်သုံးသပ်လျက်ရိပါသည်။ WCAG သည် မသန်စွမ်းသူများ ဒစ်ဂျစ်တယ်အကြောင်းအရာကို ပိုမိုလက်လှမ်းမီစေရန် အပြည်ပြည်ဆိုင်ရာ သဘောတူထားသော လမ်းညွှန်ချက်များဖြစ်သည်။

ကျွန်ုပ်တို့ လက်ရှိ လုပ်ဆောင်နေသည့်အရာများမှာ အဘယ်နည်း။

ကျွန်ုပ်တို့သည်လက်လှမ်းမီသုံးစွဲနိုင်မှုနှင့် အသုံးပြုသူခရီးလမ်းကို ဒီဇိုင်းဖန်တီးသည့်အဆင့်တွင် ထည့်သွင်းစဉ်းစားပြီး ကျွန်ုပ်တို့၏ဆိုဒ်ကို တတ်နိုင်သမျှ အသုံးပြုရလွယ်ကူစေရန်အတွက် အကောင်းဆုံးအလေ့အထကို တတ်နိုင်သမျှ လိုက်နာကြောင်း သေချာစေရန် ကျွန်ုပ်တို့၏အစီအစဉ်များကို လက်လှမ်းမီသုံးစွဲနိုင်မှုဆိုင်ရာကျွမ်းကျင်သူများနှင့် ပြန်လည်သုံးသပ်မှုပြုလုပ်သည်။ ကျွန်ုပ်တို့သည် လုပ်ဆောင်ချက်အသစ်များကို ထည့်သွင်းသည့်အခါတိုင်း၊ အထောက်အကူပြုနည်းပညာများကို အသုံးပြု၍ လက်လှမ်းမီသုံးစွဲနိုင်ကြောင်း သေချာစေရန် ၎င်းကို သေချာစွာ စမ်းသပ်ပါသည်။
 ကျွန်ုပ်တို့သည် ဝဘ်ဆိုဒ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးအာမခံမှုလုပ်ငန်းစဉ်တွင် လက်လှမ်းမီသုံးစွဲနိုင်မှုစမ်းသပ်ခြင်းကိုလည်း ပေါင်းစပ်ထားသည်။

လက်လှမ်းမီသုံးစွဲနိုင်မှုဆိုင်ရာ စိန်ခေါ်မှုအချို့ကို ကျွန်ုပ်တို့ သိရှိပြီး ၎င်းတို့ကို ပြုပြင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ဥပမာအားဖြင့်-

  • ကျွန်ုပ်တို့၏ PDF များအားလုံးကို အပြည့်အဝ သုံးစွဲနိုင်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိပါသည်။ ဝဘ်ဆိုဒ်ပေါ်တွင် ယခု ရှိနေသည့်ဖိုင်များအား ဝင်ရောက်ကြည့်ရှုနိုင်သော ဖောမက်ဖြင့် ရရှိနိုင်ရန် နှင့် PDF ဖိုင်အသစ်များအားလုံးလည်း ၎င်းကိုလိုက်နာကြောင်း သေချာစေရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။
  • ကျွန်ုပ်တို့သည် ဝဘ်ဆိုဒ်တစ်လျှောက်တွင် ဗီဒီယိုကို အသုံးပြုသည်၊ အများစုတွင် အဖွင့်အပိတ်လုပ်၍ မရသော စာတန်းထိုးများနှင့်/သို့မဟုတ် ကုဒ်ဒါဖြင့်ဖတ်ရှုနိုင်သည့် စာတန်းထိုးများပါရှိသည်။ ဤသို့မဟုတ်သည့် မည်သည့်ဗီဒီယိုကိုမဆို စစ်ဆေး၍ အပ်ဒိတ်လုပ်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။

လက်လှမ်းမီသုံးစွဲနိုင်မှုအတွက် အကူအညီ (ရွေးချယ်ခွင့် 1)

ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုရာတွင် မည်သည့်နည်းနှင့်မဆို အခက်အခဲရှိနေပါက၊ ကျွန်ုပ်တို့၏ဆက်သွယ်ရန်ဖောင်ပုံစံကိုဖြည့်ပြီး အောက်သို့ဆွဲချကြည့်ရှိုနိုင်သော 'ဝဘ်ဆိုဒ် အကြံပြုချက်' ကိုရွေးချယ်ခြင်းဖြင့် ကျွန်ုပ်တို့အား အသိပေးပါ။ ၎င်းကို ကျွန်ုပ်တို့၏ ဆက်သွယ်ရန်စာမျက်နှရှိ ကျွန်ုပ်တို့၏ ဆက်သွယ်ရန်ဖောင်ပုံစံတွင် တွေ့ရှိနိုင်သည်။ သင့်မက်ဆေ့ဂျ်ထဲတွင် 'လက်လှမ်းမီသုံးစွဲနိုင်မှု' ဟု ရည်ညွှန်းဖော်ပြပါ။

သင်၏ အတွေ့အကြုံကို ကျွန်ုပ်တို့ မည်သို့ မြှင့်တင်ပေးနိုင်ပုံနှင့်ပတ်သက်၍ သင့်တွင် မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များရှိပါကလည်း သင့်ထံမှ ကြားလိုပါသည်။

ကျွန်ုပ်တို့သည် အလုပ်ချိန်ငါးရက်အတွင်း မေးခွန်းများအားလုံးကို အသိအမှတ်ပြုရန် ရည်ရွယ်ပါသည်။

လက်လှမ်းမီသုံးစွဲနိုင်မှုအတွက် အကူအညီ (ရွေးချယ်ခွင့် 2)

ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုရာတွင် မည်သည့်နည်းနှင့်မဆို အခက်အခဲရှိနေပါက၊ ကျွန်ုပ်တို့၏ဆက်သွယ်ရန်ဖောင်ပုံစံကိုဖြည့်ပြီး ‌အောက်သို့ဆွဲချကြည့်ရှိုနိုင်သော 'ဝဘ်ဆိုဒ် အကြံပြုချက်' ကိုရွေးချယ်ခြင်းဖြင့် ကျွန်ုပ်တို့အား အသိပေးပါ။ ၎င်းကို ကျွန်ုပ်တို့၏ ကျွန်ုပ်တို့ထံဆက်သွယ်ရန်စာမျက်နှာရှိ ကျွန်ုပ်တို့၏ ဆက်သွယ်ရန်ဖောင်ပုံစံတွင် တွေ့ရှိနိုင်သည်။

သင်၏ အတွေ့အကြုံကို ကျွန်ုပ်တို့ မည်သို့ မြှင့်တင်ပေးနိုင်ပုံနှင့်ပတ်သက်၍ သင့်တွင် မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များရှိပါကလည်း သင့်ထံမှ ကြားလိုပါသည်။

ကျွန်ုပ်တို့သည် အလုပ်ချိန်ငါးရက်အတွင်း မေးခွန်းများအားလုံးကို အသိအမှတ်ပြုရန် ရည်ရွယ်ပါသည်။

Back to top